Wednesday, August 17, 2016

ပင်လုံတိုင်းရင်းသားညီလာခံကိုယ်စားလှယ် ငပလီကမ်းခြေအနာဂတ်လူငယ်အသင်းဒုဥက္ကဌဇေယျာလင်း၏ရှင်းလင်းချက်

ငပလီမြို့ အရပ်ဖက်အဖွဲ့အစည်းများ စုံညီအစည်းအဝေး
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
       ငပလီမြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ရခိုင့်အာဇာနည် သျှင်ဦးဥတ္တမနေ့ အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ စုံညီအစည်းအဝေးကို ယနေ့ ( 17.8.2016 ) ရက်နေ့၌ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ မြရတနာနာရေးကူညီမှုနှင့်သွေးလှူရှင်အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယနေ့အစည်းအဝေးသို့ အရပ်ဖက်အသင်းအဖွဲ့များ၏ ကိုယ်စားလှယ် ( 60 )ကျော် တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး၌ ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ဦးဥတ္တမနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီး အခြားလိုအပ်သည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
          ထို့နောက် တက်ရောက်လာကြသော အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စား မြရတနာ နာရေးကူညီမှုနှင့်သွေးလှူရှင်အသင်း ဥက္ကဌမှ ပင်လုံမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံသို့ တက်ရောက်ခဲ့သော ရခိုင်လူငယ်ကိုယ်စားလှယ် ကိုဇေယျာလင်းအား ညီလာခံအတွေ့အကြုံများ ရှင်းလင်းဝေငှပေးပါရန် တောင်းဆိုခဲ့ပြီး လူငယ်ကိုယ်စားလှယ် ကိုဇေယျာလင်းမှ ညီလာခံအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။

ညီလာခံ အတွေ့အကြုံရှင်းလင်းချက်များ
. . . . . . . . . . . . . . . . . . . . . . . .
- CCNEYC ၏ ရခိုင်ပြည်နယ်တောင်ပိုင်းတာဝန်ခံမှ ငပလီကမ်းခြေအနာဂါတ်လူငယ် ပရဟိတအသင်းသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့မှု
- ငပလီကမ်းခြေအနာဂါတ်လူငယ် ပရဟိတအသင်းမှ အသင်းအစည်းအဝေးခေါ်ယူ၍ ကိုယ်စားလှယ် ရွေးချယ်ခဲ့ပုံများ
- ပင်လုံညီလာခံ ကျင်းပရန် နှစ်ရက်အလို၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့် မရရှိမှု၊ လူငယ်ကိုယ်စားလှယ်များ၏ သဘောတူညီမှုနှင့် ညီလာခံဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်မှု၊ ဗဟိုအစိုးရ၏ ညီလာခံကျင်းပခွင့် ရရှိလာခဲ့မှုများ
- ညီလာခံ တစ်ရက်ချင်းစီအလိုက် ကျင်းပမှုအစီအစဉ်များ
- ရခိုင်လူငယ်ကိုယ်စားလှယ်များ၏ ညီလာခံသို့ တင်သွင်းစာတမ်း
- ညီလာခံကြီး၏ ဘုံသဘောတူညီချက်များ
- မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်ရင်းသားလူငယ် မဟာမိတ်အဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များ

စသည်ဖြင့် အတွေ့အကြုံများ ရှင်းလင်းဝေငှခဲ့ပါတယ်။
.
ထို့နောက် ဦးစန်းကို ( ရခိုင်လူမှုကွန်ယက်)၊ ဦးမင်းမင်းလတ် ( မြရတနာသွေးလှူရှင်နှင့်နာရေးကူညီမှုအသင်း) မှ ညီလာခံအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုအပေါ် ကျေနပ်အားရမှုရှိကြောင်း၊ ညီလာခံတက်ရောက်ခဲ့မှုအပေါ် ဝမ်းသာကြိုဆိုကြောင်းပြောကြားခဲ့ပြီး ယနေ့ အရပ်အဖွဲ့အစည်းများစုံညီ အစည်းအဝေးကြီး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာခဲ့ပါသည်။

ယနေ့အစည်းအဝေးတက်ရောက်ခဲ့သည့် အရပ်ဖက်အသင်းအဖွဲ့များ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . .
၁ ရခိုင်လူမှု့ကွန်ယက်
၂ ဂျိတ္တောရပ်ကွက်နာရေးကူညီမှုအသင်း
၃ မြပြင်ရပ်ကွက် မြရတနာနာရေးကူညီမှုနှင့်သွေးလှူ ရှင်အသင်း
၎ လင်းသာရပ်ကွက်နာရေးကူညီမှုအသင်း
၅ ဇီးဖြူ ကုန်းရပ်ကွက်နာရေးကူညီမှုအသင်း
၆ စပါးကြီး ပရဟိတအသင်း
၇ ဂေါ့ ရပ်ကွက် နာရေးကူညီမှုအသင်း
၈ လေးဝတီအသင်း
၉ သဟာယ အသင်း
၁၀ ထာဝရ သူငယ်ချင်းများ ပရဟိတအဖွဲ့
၁၁ ငပလီကမ်းခြေအနာဂါတ်လူငယ်ပရဟိတအသင်း
၁၂ ဝါးတောင်ကွင်းအဖွဲ့
၁၃ မြသုတ စာကြည့်တိုက်အသင်း
၁၄ မြပြင် ဆွမ်းလောင်းအသင်း
၁၅ လင်းသာ ဆွမ်းလောင်းအသင်း

နှင့် အခြားအသင်းအဖွဲ့များ.....

@ Ngapali City

17.8.2016

Video File ကြည်�့ရန်�
...............................

https://m.facebook.com/story.php?story_fbid=549327365269762&id=438807142988452



Lin thar boy lay

Friday, July 22, 2016

ပင်လုံ လူငယ်တိုင်းရင်းသား ညီလာခံသို့

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တိုင်းရင်းသား ညီလာခံ (ပင်လုံ)
သို့ ငပလီကမ်းခြေအနာဂါတ်လူငယ် ပရဟိတအသင်း၏ ဒုဥက္ကဠ ကိုဇေယျာလင်း (Zay Ngapali )မှ သံတွဲမြို့နယ် လူငယ်တိုင်းရင်းသား ကိုယ်စားလှယ်ဖြင့်လည်းကောင်း အသင်းဥက္ကဠ ကိုဇေယျာမင်းမှ ညီလာခံစောင့်ကြည့်လေ့လာသူအနေဖြင့်လည်းကောင်း ငပလီမြို့မှ ရှမ်းပြည်နယ် ပင်လုံမြို့သို့ ခရီးစဉ် ယနေ့စတင်ထွက်ခွာ..........  23.7.2016



Lin thar boy lay

Thursday, July 21, 2016

ငပလီကမ်းခြေ အနာဂတ်ပရဟိတအသင်းဆောင်ပုဒ်

"ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ငါတို့အသက်ရှင်မယ်"


သဘောထားထုတ်ပြန်ကြေငြာခြင်း

ငပလီကမ်းခြေ အနာဂတ်လူငယ် ပရဟိတအသင်း သဘောထားထုတ်ပြန်ကြေငြာခြင်း
(၁)မိမိတို့ အဖွဲ့အစည်းသည် မည်သည့် နိုင်ငံရေး အဖွဲ့အစည်း ပါတီအဖွဲ့အစည်း၏လက်အောက်ခံ သြဇာခံ မဖြစ်စေရဟု အသင်းစတင်ဖွဲ့စည်းစဉ်ကတည်းက သန္နိဌာန်ချပြီးဖြစ်သည်။ ယခု ပင်လုံတိုင်းရင်းသား ညီလာခံတက်ရန် ဆုံးဖြတ်ခြင်းမှာ အသင်းကိုယခုထက်ပို၍ ပရဟိတလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်ရန် တခြားပရဟိတအသင်းများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် အသင်းအောင်မြင်မှုရရန် ရည်ရွယ်၍သွားခြင်းသာဖြစ်သည်။ နိုင်ငံရေး ပါတီရေး လူမျိုးရေးသည် အသင်းနှင့် လုံးဝပတ်သက်မှုမရှိကြောင်းအသိပေးကြေငြာအပ်ပါသည်။
(၂)ယခုလကုန်မှစ၍ အသင်းလစဉ်ကြေးများကို ပုံမှန်အတိုင်းကောက်ခံမည်ဖြစ်ပါသည်။ယခင်လများက မထည့်ရသေးသူများအနေဖြင့် ၁၀၀၀၀တတ်နိုင်တတ်နိုင် ၅၀၀၀တတ်နိုင်တတ်နိုင် မိမိတို့စေတနာရှိသလောက်ပြန်၍ထည့်ဝင်ပေးကြပါရန်။ငွေကြေးကောက်ခံရာတွင်လည်း မိမိတို့ နီးစပ်ရာ အဖွဲ့ဝင်တစ်ယောက်ကတာဝန်ယူ၍ ကောက်ခံပေးကြရန်. လစဉ်ကြေးကောက်ခံရေးတာဝန်ခံအဖြစ် ဖြ်ုးနိုင်ဦး နှင့်မေသူအောင်တို့တာဝန်ယူပေးကြရန်ဖြစ်ပါသည်။
(၃)အသင်းဝတ်စုံအား အသစ်ပြန်လည် ပြုလုပ်ပါမည်။အသင်းဝတ်စုံဖိုးအတွက်အသင်းသူ အသင်းသားများမှ ဝတ်စုံဖိုးစိုက်ထုတ်ဝယ်ယူကြမည်ဖြစ်ပါသည်။
(၄)ငပလီကမ်းခြေ အနာဂတ်လူငယ်ပရဟိတအသင်းအနေဖြင့် မိမိတို့မူလချမှတ်ထားသော ပညာရေး လူမှုရေး ကျန်းမာရေး သဘာဝဘေး များတွင် မိမိတို့တတ်နိုင်သလောက် တတ်စွမ်းသလောက် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။မည်သည့်ပါတီရေး နိုင်ငံရေး လူမျိုးရေးကိစ္စများသည် အသင်းနှင့် လုံးဝပတ်သက်စေခြင်းမရှိစေရကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။အသင်းတိုးတက်ရာတိုးတက်စေကြောင်း အသင်းသားအသင်းသူများထံမှ အကြံညဏ်ံကောင်းများရယူလိုပါသည်။

ပုံ/အသင်းဥက္ကဌ ကိုယ်စား
( Moe Htet Kyaw ဘဏ္ဍာရေးမှူး)


Wednesday, July 20, 2016

ငပလီကမ်းခြေ အနာဂတ်လူငယ်ပရဟိတအသင်းဖြစ်ပေါ်လာပုံ

အသင်းစတင်မဖွဲ့စည်းခင် ၂နှစ်အကြာက စာရေးသူနှင့် အသင်းယခုဥက္ကဋ္ဌ ဇေယျာမင်းတို့လက်ဖက်ရည်တွင် ရပ်ရွာအကျိုးအတွက် အသင်းအဖွဲ့လေးတစ်ခု ထူထောင်မည်ဟု စကားစမြည်ပြောဖြစ်ခဲ့ကြသည်။ရပ်ရွာအကျိုး အများအကျိုးအတွက်ဆောင်ရွက် နိုင်မည့် အသင်းတစ်ခုရှိသင့်သည် ဟူ၍လည်း စာရေးသူအနေဖြင့် တွေးမိသည်။သို့သော် ထိုနှစ်နှစ်အတွင်း အကောင်အထည်မပေါ်ခဲ့။စာရေးသူ အနေဖြင့်လည်း ထိုကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သည်။(14.10.2015)ည ၇နာရီခွဲလောက်တွင် သူငယ်ချင်းဖြစ်သူဇေယျာမင်းထံမှ ဖုန်းဝင်လာသည်။ပရဟိတအသင်းတစ်သင်းဖွဲ့စည်းရန်အတွက် ငွေဇင်ယော်ကဖီးသို့လာရောက်ဖို့အတွက်ဖြစ်သည်။စာရေးသူရောက်သွားချိန်၌ stateကျောင်းသား
ဘဝက သူငယ်ချင်းများနှင့်ပြန်ဆုံရသည်။ထို့နောက်
ပရဟိတအသင်းဖွဲ့စည်းရန် စည်းဝေးတိုင်ပင်ခဲ့ကြ
သည်။စာရေးသူအနေဖြင့် အသင်းအား ငပလီကမ်းခြေ ရှိရပ်ကွက်များမှ သူငယ်ချင်းများဖြင့်
စတင်ဖွဲ့ စည်းသည့်အတွက် ငပလီကမ်းခြေဟူသော
နာမည်ကို ထည့်သွင်းရန် အကြံပြုခဲ့သည်။
ထို့နောက် အခြားသူငယ်ချင်းများ၏အကြံအညဏ်
ကိုယူ၍ အနာဂတ်လူငယ် ဟူသောအမည်နာမနှင့်
တွဲဖက်၍ ငပလီကမ်းခြေ အနာဂတ်လူငယ် ပရဟိတ အသင်းနာမည်ဖြင့်စတင်ဖွဲ့စည်းခဲ့ကြသည်။အသင်း
စတင်ဖွဲ့စည်းသည့်နေ့တွင် အစည်းအဝေး လာရောက်ကြသူများဆီမှ အသင်းမတည်ငွေအဖြစ်
ငွေကျပ်၂သိန်းကျော်ရရှိခဲ့သည်။ ထိုမတည်ငွေအပြင်
နောက်ထပ်အသင်းလစဉ်ကြေးအဖြစ်တစ်လလျှင်
သုံးထောင်ကျပ် ကောက်ခံခဲ့သည်။ အသင်း၏ပထမဆုံး လုပ်ငန်းစဉ်အဖြစ်ရပ်ကွက်များ
တွင် သောက်ရေအိုးစဉ်များပြုလုပ်ပေးခြင်း လမ်းဘေးနှင့် ကျောင်းစာသင်ခန်းများတွင် အမှိုက်ပုံးများ ချထားပေးခြင်းတို့ဆောင်ရွက်ခဲ့သည်။ ထို့အပြင်
အသင်းရန်ပုံငွေရရှိရန်အတွက် သင်္ကြန်ကာလ
ကံစမ်းမဲလက်မှတ်များရောင်းချပေးခဲ့သည်။ထိုရောင်းရငွေများထဲမှ ရပ်ကွက်ရှိပြည်သူများ အသိပညာ
ဗဟုသုတတိုးတက်စေရေး ရည်ရွယ်၍ ဆရာချစ်ဦးညို၊ဆရာဗေလုဝ၊ဆရာမောင်သာချို
တို့ပါဝင်သော စာပေဟောပြောပွဲကို ဦးဆောင်၍ကျင်းပပေးခဲ့သည်။ သင်္ကြန်ကာလ၌ ကားတစ်စီးအပါအဝင် ကံစမ်းမဲဆုမဲများကို မဲဖေါက်
ပေးခဲ့သည်။ပညာသင်ကြားရေးအတွက် အခက်အခဲ
ရှိသောကျောင်းသားတစ်ယောက်အားငွေကြေးထောက်ပံ့မှုပေးခဲ့သည်။နွေကာလရေရှားပါးသော ဒေသများအား သွားရောက်၍ သောက်သုံးရေများ
လှူတန်းခဲ့ပါသည်။ မိုးဦးကာလ ရေဘေးသင့်ဒေသများအားသွားရောက်၍ အကူအညီများပေးအပ်ခဲ့ပါသည်။ အသင်း၏ ဆောင်ရွက်ချက်များကို facebookစာမျက်နှာ၌
ပုံများနှင့်တကွဖေါ်ပြထားသည်။ ငပလီကမ်းခြေ
အနာဂတ်လူငယ်အသင်းနှင့် လူမှုရေးပရဟိတလုပ်
ငန်းများကို ငွေအားဖြင့်ဖြစ်စေ လူအားဖြင့်ဖြစ်စေ
ပါဝင်ကူညီလိုသူများကို အသင်းမှ အမြဲတမ်းကြိုဆို
လျှက်ရှိပါသည်။